ဇွန်လ ၁၄ ရက်န့နက် ၁ နာရီဝန်းကျင်တွင်လန်ဒန်ရှိ  အထပ် ၂၄ ထပ်ပါ Grenfell Tower ကြီးမီးလောင်မှုအကြီးအကျယ်ဖြစ်ပွားခဲ့ရာအဆိုပါ မီလောင်သည့်နေရာသို့မီးလောင်နေစဉ်အတွင်းအဆိုတော် အဒဲလ်သည် သာမန်လူတစ်ယောက် ပုံစံမျိုးဖြင့်ရောက်ရှိပြီး ၀မ်းနည်းပူဆွေးနေသူများကို နှစ်သိမ့်မှုများပြုလုပ်ပေးခဲ့ပုံကို Daily Mail သတင်းဌာနတွင်ဖော်ပြထားသည်။

ယင်းမိုးမျှော်တိုက်ကြီးကိုနာရီပေါင်းများစွာ ကြာအောင်မီးတောက်လောင်ခဲ့ရာအနည်းဆုံးလူ ၁၂ ဦးသေဆုံးခဲ့ရပြီး ၇၄ ဦးဒဏ်ရာရရှိခဲ့ကာသေဆုံးသူဦးရေလည်း မြင့်တက်ဖွယ်ရှိသည်ဟုသိရသည်။ မီးလောင်ကျွမ်းနေသည်ကိုမအိပ်မနေ ကြည့်ရှုကာစိတ်သောကရောက်သူများထဲတွင် အဒဲလ်လည်းပါဝင်ခဲ့ပြီးလူအုပ်အတွင်းလျှောက်သွားကာလူတွေကိုပွေ့ဖက်ပြီးတတ်နိုင်သမျှလိုက်လံနှစ်သိမ့်ခဲ့သည်ဟုသိရသည်။ သူမသည် အနက်ရောင် ဝတ်စုံရှည်ကြီးကိုဝတ်ထားပြီးသူမနဲ့အတူခင်ပွန်းဖြစ်သူလည်းလိုက်ပါလာသည်ကိုတွေ့ရသည်။

အဒဲလ်သည် ယင်းသို့ Grenfell Tower သို့သွားရောက်ခဲ့သည့်အကြောင်းကိုတစ်စုံတစ်ရာပြောကြားခြင်းမရှိကြောင်၊ သူမသည် အလွန်ရိုးသာဖြူစင်သူဖြစ်ကြောင်း၊သူမသည် ကောင်းကင်ဘုံနှင့်ထိုက်တန်သည့် တမန်တော်တစ်ဦးပင် ဖြစ်ကြောင်းနှင့် သူမသည် မြင့်မတ်ကြီးမားသည့် နှလုံးသားပိုင်ရှင်ပင်ဖြစ်ကြောင်းသူမအတွက် အလွန်ဂုဏ်ယူပါကြောင်းတွစ်တာတွင် သူမ၏ ပရိတ်သတ်တစ်ဦးကဖော်ပြထားသည်။ 

Related News