အမျိုးသမီးအလှပဂေးများစွာတို့နှင့် စုံတွဲခုတ်ခဲ့ဖူးသည် အသက် ၃၀ အရွယ် ကနေဒီယံအဆိုတော် ဒရိတ်ခ်သည်ကိုယ်လုံးတောင့်ဖြောင့်သည့် အမျိုးသမီးတစ်ဦးနှင့်စုံတွဲခုတ်နေပြန်သည်ဟုသတင်းများထွက်ပေါ်နေလျက်ရှိသည်. ၎င်းအားကိုယ်လုံးတောင့်ဖြောင့်သည့် အမည်မသိအမျိုးသမီးတစ်ဦးနှင့်အတူWest Hollywood ရှိနာမည်ကြီးစာေးသာက်ဆိုင်ဖြစ်သည့်  The Nice Guy ထဲမှထွက်လာသည်ကို မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။

၎င်းနှင့်တွဲလာသည့် အမျိုးသမီးကို မည်သူမည်ဝါမှန်း မသိကြသော်လည်း ခန္ဓာကိုယ်အလှကိုဖော်ပြနိုင်သည့် အသားကပ်အင်္ကျီချိုးပြတ်ကိုဂျင်းဘောင်းဘီအပြဲနှင် တွဲဖက်ဝတ်ဆင်ထားသည့် သူမ၏ထင်ရှားလှသည့် ခန္ဓာကိုယ်ကောက်ကြောင်းကြောင့် မြင်သူတိုင်းကသတိထားမိခဲ့ကြခြင်းဖြစ်သည်။  ဒရိတ်ခ်သည်ရီဟားနား၊ နစ်ကီမီနာ့ခ်ျစသည့်သွေကြယ်ပွင့်များနှင့်လည်းတွဲခဲ့ဖူးသူဖြစ်ပြီးဂျနီဖာလိုပက်ဖ်နှင့် ချစ်သူများအဖြစ်တွဲခဲ့ဖူးပြီး ဖေော်ဝါရီလကမှ လမ်းခွဲခဲ့ခြင်းဖြစ်သည်။

ဒရိတ်ခ်သည် ပြီးခဲ့သည့် မေလတုန်းကလည်း၎င်း၏ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်အတွင်းအိုင်းရစ်မော်ဒယ်တ်စ်ယောက်ကိုသီတင်းပတ် ၆ ပတ်ခန့် ခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ 

 

 

Related News