လူပေါင်း(၁၇)ဦးသေဆုံးစေခဲ့တဲ့ လန်ဒန်မြို့လယ်က အထပ်မြင့်အဆောက်အအုံမီးလောင်မှုကို အပြည့်အ၀စုံစမ်းဖို့ ဗြိတိန်ဝန်ကြီး ချုပ် ထရီဆာမေက အမိန့်ပေးလိုက်ပြီဖြစ်ပါတယ်။ ကန်ဆင်တန်မြောက်ပိုင်းက ဒီအဆောက်အအုံမီးလောင်မှုမှာ အသက်ရှင်ကျန်ရစ်သူ ရှာတွေ့ဖို့ မမျှော်လင့်ထားတာကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ မီးသတ်အရာရှိတွေက ပြောပါတယ်။ ၂၇ ထပ်မြင့်တဲ့ဒီအဆောက်အအုံ မြန်မြန်မီးလောင်ခဲ့ရတဲ့ အကြောင်းကို လူတိုင်းသိနိုင်ဖို့လိုအပ်တာကြောင့် စုံစမ်းစေမှာ ဖြစ်တယ်လို့ ၀န်ကြီးချုပ် ထရီဆာမေက ပြောပါတယ်။

ဝန်ကြီးချုပ် မေဟာအစောပိုင်းတုန်းကလည်း အခင်းဖြစ်ပွားတဲ့နေရာကို သွားရောက်ကြည့်ရှုထားပြီး မီးသတ်တပ်ဖွဲ့မဟာမင်းကြီးဒန်နီကော်တွန်အပြင် အရေးပေါ် ၀န်ဆောင်မှုအဖွဲ့ သွားတွေနဲ့လည်း တွေ့ဆုံထားပါတယ်။ အဆောက်အအုံတစ်ခုလုံးကို မီးမြန်မြန်ပျံ့ခဲ့ ပုံကို မီးလောင်မှုမှာကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ အဖွဲ့တွေက ပြောထားတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။ ဒါ့ကြောင့် မီးလောင်ရတဲ့အကြောင်းရင်းကို မြန်မြန်စုံစမ်းဖို့နဲ့ ရဲလုပ်ငန်းစဉ်စတင်ဖို့  စုံစမ်းမယ်လို့ ၀န်ကြီးချုပ်က အစောပိုင်းမှာပြောထားပါတယ်။

 သေဆုံးသူတွေထဲက (၆)ဦးကို ဘယ်သူ၊ ဘယ်ဝါဖြစ်တယ်ဆိုတာကို အတည်ပြုထားနိုင်ပြီဖြစ်ပေမဲ့အားလုံးကို အတည်ပြုနိုင်မယ့် အခြေအနေမရှိဘူးလို့ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။ သေဆုံးခဲ့သူတွေထဲက ပထမဆုံးအတည်ပြုနိုင်သူဟာ အသက် ၂၃ နှစ်အရွယ် ဆီးရီးယား ဒုက္ခသည်တစ်ဦး ဖြစ်ပါတယ်။

 

 

Related News