မာရာဝီမြို့တွင်း ဖီလစ်ပိုင်အစိုးရတပ်တွေနဲ့ အစ္စလာမ္မစ်စစ်သွေးကြွ လက်နက်ကိုင်တွေကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ဒုက္ခသည်အရေအတွက်ဟာ ၂ သိန်းအထိ ရှိနေတယ်လို့ သိရပါတယ်။ ဖီလစ်ပိုင်အစိုးရတပ်တွေဟာ အိုင်အက်စ် အဖွဲ့နဲ့ဆက်နွယ် နေတဲ့ အစ်္စလာမ္မစ် စစ်သွေးကြွတွေကို နှိမ်နင်းနေတာ သီတင်း(၃)ပတ်ကျော် သွားပြီဖြစ်ပေမဲ့ တိုက်ပွဲတွေဖြစ်ပွား နေတုန်းဖြစ်ပါတယ်။ မြို့တွင်းက ထွက်ပြေးလာတဲ့တိုက်ပွဲရှောင် မြို့ခံတွေဟာ မြို့အပြင်နားမှာရှိတဲ့ ခိုလှုံရေးစခန်းမှာ နေထိုင်နေ ကြတာဖြစ်ပါတယ်။

ဖီလစ်ပိုင်စစ်တပ်ဟာ တိုက်ပွဲတွေအတွင်း အရပ်သားတွေပိတ်မိတဲ့နေရာတွေကို ၀င်ရောက်ပြီး အရင်တုန်းက မ၀င်ရောက်နိုင်တဲ့ နေရာတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးဖို့(၄) နာရီကြာအပစ်အခတ်ရပ်စဲမှုကို ဇွန်လ(၄)ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ အစ္စလာမ္မစ်လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်ကို ဖီလစ်ပိုင်အစိုးရတပ်ဖွဲ့တွေက မာရာဝီမြို့ တွင်းမှာဝင်ရောက်ဖမ်းဆီးဖို့ စီးနင်းတာတွေပြုလုပ်ခဲ့တဲ့မေလ(၂၃)ရက်ကတည်းက ပဋိပက္ခဖြစ်ပွားနေတာဖြစ်ပါတယ်။ အစိုးရ တပ်တွေနဲ့ အစ္စလာမ္မစ်လက်နက်ကိုင်တွေကြားက တိုက်ပွဲတွေစတင်ကတည်းက သမ္မတဒူတာတေး ဟာ မာရာဝီမြို့ အပါအ၀င် မင်ဒါနာအိုကျွန်းမှာ ရက်ပေါင်း(၆၀)ကြာ  စစ်အုပ်ချုပ်ရေးမိန့်ကြေညာ ထားပါတယ်။  

 

 

Related News