ထိုင်ဝမ်နဲ့သံတမန်ဆက်ဆံရေးဖြတ်တောက်ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လက်ခံတဲ့ ပနားမားနိုင်ငံရဲ့ လုပ်ရပ်ဟာ မှန်ကန် တယ်လို့ တရုတ်နိုင်ငံက ချီးကျူးပြောဆိုလိုက်ပါတယ်။ တရုတ်နဲ့ ပနားမားနိုင်ငံတို့ သံတမန်ဆက်ဆံရေးထူထောင်ပြီး နောက်တစ်နေ့မှာပဲ  တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနပြောခွင့်ရသူ လူခန်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပနားမားနိုင်ငံကို ချီးကျူးစကား ပြောဆိုလိုက်တာပါ။ ပနားမားရဲ့လုပ်ရပ်ကြောင့် တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်တို့ကြားက ဆက်ဆံရေးငြိမ်းချမ်းစွာ တိုးတက်လာနိုင်တယ် လို့လည်းလူခန်ကပြောပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို တရုတ်ပြည်မကြီးနဲ့ကင်းကွာနေတဲ့ပြည်နယ်တစ်ခုအဖြစ် သတ်မှတ် ထားတာဖြစ်ပါတယ်။ တရုတ်နိုင်ငံက ပနားမားနိုင်ငံကို ချီးကျူးစကားပြောဆိုခဲ့ပေမဲ့ ထိုင်ဝမ်အစိုးရ ဘက်ကတော့ ပနားမားဟာ ဘေကျင်းအာဏာပိုင်တွေရဲ့ စီးပွားရေးအကျိုးစီးပွား ဆွဲဆောင်မှုဘက် ပါသွားတယ်လို့ စွပ်စွဲပြောဆိုပါတယ်။ ပနားမားအစိုးရရဲ့ တရုတ်နိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ထူထောင်တယ်ဆိုတဲ့ ကြေညာချက်ထုတ်ပြန်ပြီးနောက်မှာ တရုတ်နိုင်ငံပိုင် မီဒီယာဟာ ပနားမားနဲ့တရုတ်နိုင်ငံခြားရေး ၀န်ကြီးတွေ နှစ်နိုင်ငံသံတမန်ရေး ထူထောင်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးတဲ့ပုံနဲ့ ရှန်ပိန်သောက် နေပုံတွေကို ဖော်ပြလိုက်ပါတယ်။  ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်နိုင်ငံဟာ ပနားမားနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

 

Related News