လန်ဒန်ရှိ Chelsea and Westminster ဆေးရုံဖြစ်ပြီးကမ္ဘာကျော် ဟောလိဝုဒ်မင်းသားကြီးဂျော့ဂ်ျကလူးနေး၏ ဇနီးသည်ဇွန်လ ၆ ရက်နေ့ကဖွားမြင်ခဲ့သည့် အမွှာရင်သွေးလေးများအယ်လာနှင့် အလက်ဇန္ဒားတို့ကိုမွေးဖွားရန် ဆေးရုံတက်ရောက်စဉ် တစ်ညလျှင် ဒေါ်လာတစ်သောင်းတန် အခန်းတွင်နေထိုင်ခဲ့ကြောင်းသိရသည်။ ဂျော့ဂ်ျကလူးနေး၏ ဇနီးသည်အမ်မယ်လ်သည် ယင်းဆေးရုံရှိ Kensington Wing အဆောင်ရှိတစ်ညလျှင်ပေါင်း၈,၅၂၀(ဒေါ်လာတစ်သောင်းကျော်)ကျသင့်သည့်အခန်းတွင် နေထိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းအခန်းတွင်အမ်မယ်လ်သည်အချိန်ပြည့် ဂရုစိုက်စောင့်ရှောက်မှုကိုရရှိပြီးအခန်းကလည်းဇိမ်ခံဟိုတယ်ခန်းတစ်ခန်းကဲ့သို့သားနားလှသည်ဟုသိရသည်။ ယင်းအခန်းထဲတွင်တီဗွီကြီတစ်လုံး၊ လူနာစောင့်အတွက် အိပ်ရာ၊အဆင့်မြင့်တစ်ကိုယ်ရည်သန့်စင်ပစ္စည်းများနှင့်လိုင်းအားအရမ်းကောင်းသည့် Wifiစနစ်တို့ ပါဝင်ကြောင်းသိရသည်။ One Direction အဆိုတော် လီယမ်ပင်းန်၏ချစ်သူအဆိုတော် ချယ်ရီကိုးမီးဖွားစဉ်ကလည်းအဆိုပါ Chelsea and Westminsterဆေးရုံတွင်တက်ရောက်ခဲ့သည်။

 

 

Related News