ကမ္ဘာကျော် စူပါမော်ဒယ် ကိတ်မော့စ်၏ညီမဖြစ်သူအသက် ၁၉ နှစ်အရွယ် မော်ဒယ်လ်လေးလော်တီမော့စ်သည် လူမြင်ကွင်းတွင် အပေါ့သွားခဲ့သည့် သတင်းများထွက်ပေါ်နေလျက်ရှိသည်။ လော်တီမော့စ်သည် သူမ၏ချစ်သူအဲလက်စ်မက်သွန် နှင့် သူမ၏ သူငယ်ချင်းအဲလာဝီစ်တို့နှင့်အတူစပိန်နိုင်ငံ၊ အီဗီဇာမြို့တွင်ညဘက် သောက်စားလျှောက်လည်ကြရင်းယင်းသို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ နာမည်ကျော် လှပငယ်ရွယ်သည့် မော်ဒယ်လ်လေးတစ်ယောက်အနေဖြင့် ယင်းသို့ပြုလုပ်ခြင်းကိုယုံနိုင်စရာမရှိသော်လည်းဓာတ်ပုံများနှင့်တစ်ကွ သတင်းများထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သာမန်အားဖြင့် လော်တီမော့စ်သည်အနေအေးပြီးတည်ငြိမ်သူဖြစ်သည့်အတွက် ယခုကဲ့သို့ လမ်းဘေးဆန်သည့် အပြုအမူမျုး လုပ်ခဲ့ခြင်းကိုအားလုံးကအံ့သြနေကြသည်ဟုသိရသည်။ လော်တီမော့စ်သည် အသက် ၄၃ နှစ်အရွယ် စူပါမော်ဒယ် ကိတ်မော့စ်၏အဖေတူအမေကွဲညီမငယ်ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် Teen Vogue ၌ပါဝင်ပြီးနောက် စတင်နာမည်ကြီးလာခြင်းဖြစ်သည်။

 

 

Related News