The Hunger Games ဇာတ်ကားများ၏ မင်းသမီးချောဂျနီဖာလောရန့်စ် စီးနင်းခဲ့သည့် သီးသန့်လေယာဉ်သည် အင်ဂျင်ချို့ယွင်းမှုကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရကြောင်းနှင့် မင်းသမီးကမူထိခိုက်ဒဏ်ရာတစ်စုံတစ်ရာမရှိခဲ့ကြောင်းသိရသည်။ ဇွန်လ ၁၀ ရက်နေ့တွင် ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးလေယာဉ်ကိုအရေးပေါ်ဆင်းသက်ခဲ့ရခြင်းဖြစ်သည်။

ဂျနီဖာလောရန့်စ်သည် သူမ၏ မိသားစုနေထိုင်ရာကန်တက်ကီပြည်နယ်၊ လူးဝစ်ဗေးမြို့မှသီးသန့်လေယာဉ်ဖြင့် ပြန်လာစဉ်အမြင့်ပေ ၃၁,၀၀၀ အရောက်တွင်လေယာဉ်အင်ဂျင်တစ်လုံးစက်ချွတ်ယွင်းသွားခဲ့ခြင်းဖြစ်ပြီးလေယာဉ်ကိုမြေပြင်ပေါ်သို့ အရေးပေါ်ဆင်းသက်နေချိန်မှာပင်ဒုတိယအင်ဂျင်စက်ကလည်း ချွတ်ယွင်းသွားခဲ့ကြောင်းသိရသည်။ ကံကောင်းထောက်မစွာပင် နယူးယောက် ပြည်နယ်၊ ဘက်ဖယ်လိုမြို့တွင်လေယာဉ်ကိုအန္တရာင်းကင်းစွာဆင်းသက်နိုင်ခဲ့ကြောင်းသိရသည်။ လူးဝစ်ဗေးမှထွက်ခွာလာသည့် သူမသည် မူလကမည်သည့်နေရာတွင် လေယာဉ် ဆင်းသက်ရန် ရည်ရွယ်ထားသည်ကိုမူမသိရှိရပေ။ 

 

 

Related News