အာဖရိကတိုက်အရှေ့တောင်ပိုင်း ကွန်ဂိုနိုင်ငံမှာအီဘိုလာရောဂါထပ်မံကူးစက်နေတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကူးစက်မှုတွေကိုကာကွယ်နိုင်ရေးအတွက် အရေးပေါ်အစည်းအဝေးပွဲ ကျင်းပဖို့ စီစဉ်နေပါတယ်။ လူထုကျန်းမာရေးကို နိုင်ငံတကာ အရေးပေါ်သတိပေးချက်(၁)ရပ်အနေနဲ့ ကြေညာရမလားဆိုတာမေလ(၁၈)ရက်မှာဆုံးဖြတ်မှာဖြစ်ပါတယ်။ အခုဖြစ်နေတဲ့ အီဘိုလာဗိုင်းရပ်စ်ဟာ အနည်းဆုံးလူ(၄၄)ဦးကို ကူးစက်ထားပြီး ရောဂါကြောင့်သေဆုံးခဲ့တဲ့လူ(၂၃)ဦးကို (WHO)က စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အခုဖြစ်နေတဲ့ အီဘိုလာရောဂါဟာ မဘန်းဒါကာမြို့၊ ကျေးလက်ရွာ(၁)ရွာမှာနေထိုင်တဲ့ လူ(၁)ဦးကနေစတင်ခဲ့တာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က အတည်ပြုပါတယ်။ ကွန်ဂိုမြစ်ရဲ့သယ်ယူပို့ဆောင်ရေးအချက်အချာကျတဲ့ နေရာတွေမှာနေထိုင်တဲ့ လူ(၁)သန်းလောက်ကို အီဘိုလာရောဂါထပ်မံပြန့်ပွားတာနဲ့ပတ်သက်လို့ သတိပေးထားပြီးမြို့တော် ကင်ရှာစာနဲ့ အနီးနားကနိုင်ငံတွေကိုပါ အခုရောဂါပြန့်ပွားမှုက ခြိမ်းခြောက်နေတာပါ။ အီဘိုလာရောဂါ ကူးစက်မှုဖြစ်ရပ်(၄၄)ခုရှိတဲ့ထဲက လူ(၃)ဦးကတော့ရောဂါ ကူးစက်ခံထားရတယ်လို့အတည်ပြုနိုင်ခဲ့ပြီး လူ(၂၀)ကတောဖြစ်နိုင်ချေရှိနေပါတယ်။ ကျန်တဲ့ လူ(၂၁)ဦးကတော့ သံသယဖြစ်ဖွယ်အခြေအနေမှာ ရှိနေတယ်လို့ (WHO)က အတည်ပြုပါတယ်။ 

 

 

 

Related News