တရုတ်နိုင်ငံမှာ အခုဆောင်းရာသီကာလအတွင်း တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်နေပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း အဆိုးရွားဆုံး တုပ်ကွေးရောဂါပျံ့နှံ့မှုကို ကြုံတွေ့ရဖွယ်ရှိနေတယ်လို့ တရုတ်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ 
 
တရုတ်နိုင်ငံတွင်းမှာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အဆိုးရွားဆုံးတုပ်ကွေးရောဂါပျံ့နှံ့မှု ကြုံတွေ့ရဖွယ်ရှိနေတယ်လို့ ဇန်န၀ါရီလ(၉)ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။ အခုနှစ်ဆောင်းရာသီကာလအတွင်း တရုတ်နိုင်ငံမှာ Type(B) တုပ်ကွေး ရောဂါ ဖြစ်ပွားမှုတွေရှိနေပြီး တုပ်ကွေးရာသီဟာ ပြီးခဲ့တဲ့နှစ်ဆောင်းရာသီကာလက ထက်ပိုကြာနိုင်တယ်လို့ တရုတ်ကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။
 
အခုနှစ်မှာဖြစ်ပွားနေတာက Type(B) တုပ်ကွေးရောဂါ တစ်မျိုးတည်းသာမType(A) တုပ်ကွေးဗိုင်းရပ်တွေဖြစ်တဲ့ H3N2 နဲ့ H1N1 တို့ကိုပါ တွေ့နေရတယ်လို့ တရုတ်ကျန်းမာရေး ၀န်ကြီးဌာန၊ ဆေးဘက်ဆိုင်ရာစီမံခန့်ခွဲရေးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး  ဂျီယာဟီကပြောပါတယ်။ တုပ်ကွေးရောဂါဖြစ်ပွားမှု အခြေအနေတွေကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့လည်း ပြောပါတယ်။
 
သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီး တုပ်ကွေးရောဂါနဲ့ သာမန်အအေးမိတာရဲ့ကွာခြားချက်ကို အသိပညာပေးတာတွေပြုလုပ်နေတဲ့အပြင် ရောဂါပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးအတွက် အားထုတ်နေတယ်လို့လည်း ဂျီယာဟီကပြောပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလကစတင်ပြီး တရုတ်နိုင်ငံကမြို့ကြီးတွေမှာ အသက်ရှူ လမ်းကြောင်းယောင်တဲ့ ရောဂါတွေဖြစ်ပွားနေပါတယ်။ ဘေကျင်းမြို့မှာလည်း ပြီးခဲ့တဲ့နှစ်တွေကထက် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနှုန်း(၇၁)ရာခိုင်နှုန်းမြင့်တက်နေတယ်လို့လည်း သိရပါတယ်။ 
 
 
 

Related News