ဥရောပနိုင်ငံတစ်ချို့က ကြက်ဥတွေမှာ  တားမြစ်ပိုးသတ်ဆေးသင့်နေတာတွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ဇူလိုင်လကတည်းက တွေ့ရှိခဲ့ပါတယ်။ အခုတော့ အဲဒီလိုတားမြစ်ဆေးသင့်ကြက်ဥတွေကို ဟောင်ကောင်မှာလည်းတွေ့ရှိရတယ်လို့ ဟောင်ကောင် အာဏာပိုင်တွေက ပြောပါတယ်။

ဇူလိုင်လကုန်ပိုင်းမှာ နယ်သာလန်နိုင်ငံမှာစတင်တွေ့ရှိခဲ့တဲ့ ပိုးသတ်ဆေးသင့်ကြက်ဥအရှုပ်တော်ပုံဟာ ဟောင်ကောင်အထိ ပျံ့နှံ့ လာပြီး ဟောင်ကောင်မှာလည်း ဘေးကင်းအဆင့်ကိုကျော်လွန်တဲ့ ပိုးသတ်ဆေးသင့်ကြက်ဥတွေတွေ့ရှိထားတယ်လို့ အတည်ပြု နိုင်ပြီဖြစ်ပါတယ်။ ကြက်ဥတွေမှာ  ပိုးသတ်ဆေးသင့်တဲ့ဖြစ်ရပ်ဟာ ဟောင်ကောင်မှာ နောက်ဆုံးတွေ့ရှိထားတာဖြစ်ပါတယ်။ 
နယ်သာလန်ကြက်ဥတွေမှာဖီပရိုနေးလ်ပိုသတ်ဆေးပါဝင်မှုပမာဏမြင့်မားနေတဲ့နမူနာတွေကိုတွေ့ရှိထားတယ်လို့ ဟောင်ကောင် အစားအသောက်ဘေးကင်းရေးစင်တာက ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ဖော်ပြောဆို ထားပါတယ်။ ဟောင်ကောင်အစား အသောက်ဘေးကင်းရေးစင်တာကတော့ ပိုးသတ်ဆေးသင့်တဲ့ ထုတ်ကုန်တွေကို ဈေးဆိုင်တွေကနေ ပြန်သိမ်းဖို့နဲ့တင်ပို့တဲ့ နိုင်ငံတွေအနေနဲ့လည်းပစ်္စည်းတွေကို ပြန်သိမ်းဖို့လမ်းညွှန်ထားပါတယ်။

 ဟောင်ကောင်နဲ့စင်ကာပူတို့အပြင် ဥရောပသမဂ္ဂအဖွဲ့ဝင် ၁၅ နိုင်ငံဟာ ဖီပရိုနေးလ်ပိုးသတ်ဆေးသင့်ကြက်ဥတွေ တင်ပို့ခံခဲ့ရတယ်လို့ ဥရောပကော်မရှင်က သောကြာနေ့မှာပြောပါတယ်။ ကြက်ဥတွေမှာ ပိုးသတ်ဆေးသင့်နေတယ်ဆိုတဲ့သတင်းကြောင့် စားသုံးသူတွေဘက်က ထိတ်လန့်မှုတွေဖြစ်ခဲ့လို့ ဥရောပစူပါ မားကတ်တွေကနေ ပြန်လည်ရုတ်သိမ်းခဲ့ရပါတယ်။ ဖီပရိုနေးလ်ဟာ ပိုးမွှား နှိမ်နင်းဖို့သုံးတဲ့ဓာတုအဆိပ်မျိုးဖြစ်ပြီး စားသုံးကုန် လုပ်ငန်းမှာ အသုံးပြုမှုကို ဥရောပသမဂ္ဂက တားမြစ်ပိတ်ပင်ထားပါတယ်။ 

 

 

Related News