ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)ဟာ ယီမင်နိုင်ငံမှာဖြစ်ပွားနေတဲ့ ၀မ်းရောဂါကို ကာကွယ်ဖို့ အသက်ကယ်ဆေး ပစ္စည်းတွေနဲ့ ရေသန့် တန်ပေါင်း(၃၀)ကို ယီမင်နိုင်ငံကို ပေးပို့လိုက်ပြီ ဖြစ်ပါတယ်။ ယီမင်နိုင်ငံမှာဖြစ်ပွားနေတဲ့ဝမ်းရောဂါဟာ ကမ္ဘာပေါ်မှာအဆိုးရွားဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂကပြောဆိုထားပြီး (၃)လကြာမြင့်လာပြီဖြစ်တဲ့ ၀မ်းဂေါရာပျံ့ပွားမှုမှာ ၀မ်းရောဂါဖြစ်ပွားမှု(၂)သိန်းအထိ ရှိနေတာပါ။ ၀မ်းရောဂါဟာ မစင်ကနေတစ်ဆင့် အစားအစာ ဒါမှမဟုတ် ရေထဲကို ပျံ့နှံ့ပြီး ကူးစက်နိုင်တာဖြစ်ပါတယ်။
 
စစ်ပွဲပြွမ်းနေတဲ့ယီမင်နိုင်ငံမှာ အခြေခံအဆောက် အအုံတွေဗုံးကြဲခံရလို့ ရေသန့်စင်ပေးနိုင်ခြင်းမရှိတဲ့ ရေပေးဝေရေးစနစ်ဟာ ၀မ်းရောဂါဖြစ်ပွားရာနေရာ ဖြစ်နေတယ်လို့ ယီမင်အာဏာပိုင်တွေက ယူဆနေပါတယ်။ ၀မ်းရောဂါဖြစ်ပွား မှုဟာ ပြည်တွင်းစစ်ကြောင့်အခုလို ပျံ့နှံ့နေတာဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကြီးအကဲက ဇွန်လ ၂၂ ရက်မှာပြောထားပါတယ်။
 
ဆာဘင်းဆေးရုံရဲ့ ၀မ်းရောဂါကုသရေးဌာနမှာ နေ့စဉ်လာရောက်ပြသနေတဲ့ရောဂါဖြစ်ပွား သူ အရေအတွက်ဟာ မရေတွက်နိုင်အောင် များပြားနေတယ်လို့ အဲဒီဆေးရုံက ကလေးအထူးကုဆရာဝန်တစ်ဦးကပြောပါတယ်။ ယီမင်နိုင်ငံအတွင်း ၀မ်းရောဂါဖြစ်ပွားမှုကြောင့် လူပေါင်း(၁၃၀၀)သေဆုံးခဲ့ပြီး အဲဒီထဲက လေးပုံတစ်ပုံဟာ ကလေးငယ် တွေဖြစ်ပါ တယ်။ ဒီဝမ်းရောဂါပျံ့နှံ့ပြီးမကြာခင်မှာပဲ ခြောက်လအတွင်း ၀မ်းရောဂါကူးစက်နိုင်သူ အရေအတွက်ဟာ  ၃ သိန်းအထိ ရှိနိုင်တယ် လို့ ကမ္ဘာ့္ဘ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။
 
လက်ရှိမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဟာ လူနာ ၅၀ ကနေ ၆၀ အထိ ဆံ့တဲ့ဝမ်းရောဂါကုသရေး စင်တာတွေကို ယီမင်နိုင်ငံအတွင်းမှာ ထူထောင်ထားပြီး အဲဒီလိုနေရာပေါင်း (၂၈၀၀)အထိရှိအောင် တိုးလုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။ 
 
 

Related News