မြောက်ကိုရီးယားနိုင်ငံဟာ ရန်စတဲ့လုပ်ရပ်တွေထပ်ပြီးလုပ်နေမယ်ဆိုရင် နိုင်ငံတကာရဲ့ ဖယ်ချန်ခံရတာနဲ့ စီးပွားရေးအခက်ကြုံတာ တွေပဲ ကြုံလာရလိမ့်မယ်လို့ တောင်ကိုရီးယားသမ္မတ မွန်ဂျဲအင်က ပြောလိုက်ပါတယ်။ သမ္မတ မွန်ဂျဲအင်ဟာ သမ္မတအဖြစ် တာဝန်ယူပြီးတဲ့နောက် ပထမဆုံးပြုလုပ်တဲ့ အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးပွဲမှာ အခုလိုပြောလိုက်တာပါ။ တောင်ကိုရီးယားအစိုးရအနေနဲ့ အမျိုးသားလုံခြုံရေးနဲ့ ပြည်သူ့အကျိုးစီးပွားယှဉ်လာတဲ့အခါ ဆွေးနွေးညှိနှိုင်းတာတွေ လုပ်မှာမဟုတ်ဘူးလို့ သမ္မတကပြောပါတယ်။ မြောက်ကိုရီးယားဟာ ရန်စတာတွေဆက်လုပ်နေသမျှ နိုင်ငံတကာအသိုက်အ၀န်းဟာ မြောက်ကိုရီးယား အပေါ်ပိတ်ဆို့တာ တွေကို အကောင်အထည်ဖော်သွားမှာဖြစ်သလို ဖိအားလည်းပေးသွားမှာဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။ 

တောင်ကိုရီးယား-အမေရိကန်နှစ်နိုင်ငံမဟာမိတ်ဖြစ်မှုတိုးမြှင့်နိုင်အောင် အမေရိကန် နိုင်ငံကို မကြာခင်သွားရောက်ဖို့ရှိနေတယ်လို့လည်း သမ္မတမွန်းက ပြောပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ် အထ,မမြောက်ဖို့ ဆွေးနွေး ညှိနှိုင်းတာ တွေလုပ်လိုပြီး ပြုံရမ်းအနေနဲ့ နျူကလီးယားနဲ့ဒုံးကျည်စမ်းသပ်တာတွေ ရပ်တန်ဖို့နဲ့ နျူကလီးယားကင်းစင်ရေး လမ်းကြောင်း ပေါ်တက်လာဖို့ သမ္မတက တိုက်တွန်းလိုက်ပါတယ်။ မြောက်ကိုရီးယား နျူကလီးယား အရေးကို အခြေခံကျတဲ့ ဖြေရှင်းချက်တွေရအောင် လုပ်ဆောင်နေချိန်မှာ အမျိုးသား လုံခြုံရေး ခိုင်မာအောင်လုပ်ဖို့ သမ္မတမွန်းက အစိုးရအဖွဲ့ကို တိုက်တွန်းထားပါတယ်။

     

 

Related News