အာဆီယံဒေသတွင်း မီးခိုးမြူအခြေအနေဟာ ၂၀၁၆ ခုနှစ်ကအတိုင်းဖြစ်လာနိုင်တယ်လို့ အင်ဒိုနီးရှားနိုင်ငံက  အိမ်နီးချင်းနိုင်ငံတွေကို မေလ(၁၈)ရက်တုန်းက ပြုလုပ်တဲ့ အာဆီယံ အစည်းအဝေးပွဲအတွင်းပြောကြားလိုက်ပါတယ်။ မလေးရှား၊ စင်ကာပူ၊အင်ဒို နီးရှား၊ထိုင်းနဲ့ ဘရူနိုင်းနိုင်ငံတွေက ၀န်ကြီးတွေနဲ့အကြီးတန်းအရာရှိတွေဟာ ကွာလာလမ်ပူမြို့မှာတွေ့ဆုံခဲ့ကြတာဖြစ်ပြီး နိုင်ငံဖြတ်ကျော်မီးခိုးမြူထူထပ်မှုဆိုင်ရာ ဦးဆောင်ကော်မတီအစည်းအဝေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။

(၂၀၁၆)ခုနှစ်မှာ စတင်ခဲ့တဲ့ နိုင်ငံဖြတ်ကျော်မီးခိုးမြူကြောင့် လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အာဆီယံပူးပေါင်းဆောင်ရွတ်မှု လမ်းပြမြေပုံဟာ အလုပ်ဖြစ်နေပေမဲ့ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ရာသီဥတုအခြေအနေကို ကြည့်ရင် မီးခိုးမြူမြင့် တက်မှုအတွက် စိတ်ချရတဲ့အခြေအနေ မှာမရှိသေးဘူးလို့ မလေးရှား သဘာဝပတ်ဝန်းကျင်ရေးရာ ၀န်ကြီးကပြောပါတယ်။ ၂၀၁၅ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံမှာဖြစ်ပွားခဲ့ တဲ့တောမီးလောင်မှုတွေကြောင့် အာဆီယံအဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံတွေအထိ မီးခိုးမြူတွေ ရောက်ရှိခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက တော့ တောမီးလောင်တာနဲ့ မီးခိုးမြူလျှော့ချရေးဆိုင်ရာ ကတိက၀တ်တွေကို ဆက်လက်လုပ်ဆောင် သွားမယ်လို့ပြောထားပါတယ်။

 

 

Related News