တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်သောဟန်ဂျီဟေးသည် KBS 2TV ရုပ်သံလိုင်းမှ ရိုက်ကူးထုတ်လွှင့်တော့မည့် “Shall We Together” အမည်ရှိဇာတ်လမ်းတွဲသစ်၌ ပါဝင်သရုပ်ဆောင် ကာပရိသတ်ရှေ့မှောက် တကျော့ပြန်လည်ရောက်ရှိလာတော့မည်ဖြစ်ကြောင်းသိရှိရသည်။

ယခုဇာတ်လမ်းတွဲသစ်တွင် အေးစက်မာကြောသော နှလုံးသားပိုင်ရှင် ဆေးကျောင်းသူ ပါ့ခ်ရိုဟာအမည်ရှိဇာတ်ကောင်နေရာတွင် ပါဝင်သရုပ်ဆောင် ရမည့် မင်းသမီးဟန်ဂျီဟေးသည် ၂၀၁၅ ခုနှစ်က “Legendary Witch” အမည်ရှိဇာတ်လမ်းတွဲအားနောက်ဆုံးရိုက်ကူးထားခြင်းဖြစ်ပြီး (၂) နှစ်တာမျှ အနုပညာလှုပ်ရှားမှုများရပ်နားထားရာကယခုဇာတ်လမ်းတွဲသစ်တွင် ပါဝင်ရိုက်ကူးရန် စီစဉ် နေခြင်းဖြစ်သည်။

အနုပညာအေဂျင်စီကိုလည်းအသစ်ပြောင်းလဲလိုက်ပြီးလာမည့် ၂၀၁၈ ခုနှစ်မှစတင်ကာဇာတ်လမ်းတွဲသစ်အားရိုက်ကူးသွားမည်ဖြစ်သည်။ မိသားစုမေတ္တာဘွဲ့ဇာတ်လမ်းဖြစ်သည့် “Shall We Together” သည် မျိုးဆက်တစ် ခုနှင့် တစ်ခုအကြားမိသားစုဆက်ဆံရေးအခြေအနေများအားအဓိကပုံဖော်ကာရိုက်ကူးသွားမည်ဖြစ်ကြောင်းသိရသည်။ 

 

 

Related News