ကမ္ဘာကျော်ဟောလိဝုဒ်မင်းသားကြီးဂျေမီဖော့စ်သည် မင်းသမီးချောကေတီဟုမ်းစ် နှင့် တိတ်တဆိတ်စုံတွဲခုတ်နေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ၄င်းတို့နှစ်ဦးမှာ တရားဝင်ချစ်သူများဖြစ်နေကြ သည်ဟုလည်း သတင်းမီဒီယာအတော်များများတွင် ဖော်ပြလာကြသည်ကို မကြာခဏတွေ့မြင်ခဲ့ရသော်လည်း ကာယကံ ရှင်နှစ်ဦးကမူ တရားဝင်ထုတ်ဖော်ပြောကြားလာခြင်းမျိုးမရှိသေးပေ။

သို့သော်မကြာသေးမီကမှ ကျရောက်ခဲ့သော ဂျေမီ ဖော့စ်၏ အသက် (၅၀) ပြည့်မွေးနေ့ပါတီကို ကေတီဟုမ်းစ်က လာရောက်ခဲ့ပြီး မိသားစုဝင်များ၊ သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်ဟု သိရှိရသည်။ လက်ရှိတွင် အသက် (၅၀) ပြည့်ဂျေမီဖော့စ်နှင့် အသက် (၃၈) နှစ်အရွယ်ရှိ မင်းသမီးကေတီဟုမ်းစ်တို့အား ကားတစ်စီးထဲ အတူယှဉ်တွဲတွေ့ရှိခဲ့ခြင်းဖြစ်သလို ကေတီက ဂျေမီ၏ မွေးနေ့ပါတီပွဲတွင် ဂျေမီ၏ သမီးနှစ်ဦးနှင့်ပါ တွေ့ဆုံခဲ့သည်ဟု သိရသည်။

မိုင်ယာမီကမ်းခြေမှ နာမည်ကျော်ကလပ်တစ်ခု၏ အပြင်အဆင်အ တိုင်း ပြုလုပ်ခဲ့သည့် ဂျေမီဖော့စ်၏ မွေးနေ့ပါတီပွဲသို့ စနုဒေါ့ဂ်၊ လူဒါခရစ်၊ မိုက်ခ်အက်ပ်၊ တာရဲလ်အိုဝန်စ်၊ အန်သိုနီအန်ဒါ စန်အစရှိသည့်နာမည်ကျော်အနုပညာရှင်များလည်း တက်ရောက်ခဲ့ကြသည်။ မွေးနေ့ပွဲပါတီပြီးနောက် မွေးနေ့ပွဲသို့ လာ ရောက်ချီးမြှင့်ပေးခဲ့ကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိသည်ဟု မင်းသားကြီးက ၄င်း၏အင်စတာဂရမ်စာမျက်နှာမှတ ဆင့် ရေးသားဖော်ပြခဲ့သည်ဟုလည်း သိရှိရသည်။ 

 

 

Related News