တောင်ကိုရီးယားနာမည်ကြီးတေးသံရှင် Seol Hyun က သူမ၏ ကြည်လင်လှပသောအသားအရေထိန်းသိမ်းစောင့်ရှောက်မှုနှင့် ပတ်သက်သော လျှို့ဝှက်ချက်အား ထုတ်ဖော်ဝေမျှလိုက်သည်ဟုသိရသည်။ အသက် (၂၂) နှစ်အရွယ်ရှိSeol Hyun သည် အသားအရေအဆီပြန်ခြင်းနှင့် ချွေးပေါက်ကျယ်ခြင်းအားထိန်းသိမ်းရန်အတွက် မျက်နှာပြင်အနှံ့ Toner အား (၇) ကြိမ်တိုင်တိုင် ဆက်တိုက်အသုံးပြုပေးခြင်းဖြစ်သည်ဟု SBS ရုပ်သံလိုင်းမှ စီစဉ် တင်ဆက်သော One Night of TV Entertainment အမည်ရှိရုပ်သံအစီအစဉ်၌ဖွင့်ဟပြောကြားလိုက်ခြင်းဖြစ်သည်။ ပြီးမှ Lotion နှင့် Night Cream အားအဆင့်ဆင့်လိမ်းပေးကြောင်း၊ သူမအနေဖြင့် အသားအရေကျန်းမာလှပရန်အတွက် ထိန်းသိမ်းစောင့်ရှောက်သလိုကိုယ်ခန္ဓာအလေးချိန်ထိန်းသိမ်းရန်အတွက် လေ့ကျင့်ခန်းများကိုလည်းစနစ်တကျ ပုံမှန်ပြုလုပ် ပေးကြောင်းနာမည်ကျော်တေးဂီတအဖွဲ့ AOA ၏ အဖွဲ့ဝင်ဖြစ်သူSeol Hyun က ဝေမျှပြောကြားလိုက်သည်ဟုသိရှိရသည်။ 

 

 

Related News