နာမည်ကျော်တောင်ကိုရီးယားရုပ်သံဌာန MBC ၏ လူကြိုက်များသောရုပ်သံအစီအစဉ်တစ် ခုဖြစ်သည့် Infinity Challenge အစီအစဉ်တွင် ဟောလိဝုဒ်မင်းသား Jack Black လည်း ပြန်လည်ပါဝင်ခဲ့သည်ဟု သိရှိရသည်။ မင်းသား Jack Black သည် တောင်ကိုရီးယားနိုင်ငံတွင် ရိုက်ကူးခဲ့သော Infinity Challenge အစီအစဉ်တွင် ဧည့်သည်တော်အဖြစ် ပါဝင်ရိုက်ကူးခဲ့ပြီး ၄င်းအသံဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သော Kung Fu Panda 3 ဇာတ်ကားသစ်အတွက်လည်းပရိုမိုးရှင်းပြုလုပ်သွားခဲ့သည်။ ထိုစဉ်ကမင်းသား Jack Black က Infinity Challenge အဖွဲ့သားများအား ၄င်း ၏ လော့စ်အိန်ဂျလိစ်မြို့၌လာရောက်ပြုလုပ်ရန် ဖိတ်ကြားခဲ့သည်။ လော့စ်အိန်ဂျလိစ်မြို့တွင် Jack Black နှင့်အတူ Infinity Challenge အဖွဲ့ဝင်များဖြစ်ကြသည့် Yoo Jae Suk၊ Park MyungSoo၊ Jung Jun Ha၊ Ha Haတို့က (၆) ရက် ကြာသွားရောက်ရိုက်ကူးခဲ့ကြသည်။ ယင်းအစီအစဉ်အပိုင်းအား MBC ရုပ်သံလိုင်းကယခုရက်ပိုင်းအတွင်းစတင်ထုတ် လွှင့်ပြသလျက်ရှိကြောင်းလည်းသိရှိရသည်။

 

 

Related News