ဂျက်စတင်ဘီဘာသည် အမေရိကန် ဂီတအနုပညာရှင်နှင့် ထုတ်လုပ်သူတစ်ဦးဖြစ်သည့် BloodPopနှင့်အတူသီဆိုထားသောFriends ဆိုသည့် သီချင်းသစ်တစ်ပုဒ်ကိုသြဂုတ်လ ၁၇ ရက်နေ့တွင် အင်စတာဂရမ်မှတစ်ဆင့် ထုတ်လွှင့်ပေးခဲ့ ကြောင်းသိရသည်။

ယင်းသီချင်းသည် ဘီဘာနှင့် Bloodpopတို့ ပထမဦဆုံးအနေဖြင့် အတူဖန်တီးသီဆိုထားသည့် သီချင်းလည်းဖြစ်သည်။ သြဂုတ်လ ၁၅ ရက်နေ့တွင် ဘီဘာက ၎င်း၏ တွစ်တာနှင့် အင်စတာဂရမ်အကောင့် နှစ်ခုစလုံးတွင် ငှက်နှစ်ကောင် မှ f ပုံသဏ္ဍာန်စာလုံလေးအားကိုက်ထားသည့်ပန်းချီပုံပေါ်တွင် Friends ဆိုသည့်အ၀ါရောင်စာလုံးများဖြင့် ရေးသားထားသည့်ပုံနှင့်အတူ"သီချင်းသစ်ပါ..ကြာသပတေးနေ့ နေ့လယ်"ဟုရေးသားကာ ကြိုတင်အကြောင်း ကြားခဲ့သည်ဟုသိရသည်။

ထို့ပြင် သီချင်းစာသားဖြစ်သည့် "Can we still be friends" ဆိုသည့်စာသားလေးကိုလည်းဘီဘာကတွစ်တာမှဖော်ပြခဲ့သည်ဟုလည်းသိရသည်။ ဘီဘာသည် ယခုနှစ်ထဲတွင် Luis Fonsiနှင့် Daddy Yankee တို့၏ “Despacito”သီချင်းဖြင့်လည်းနံပါတ် ၁ နေရာကိုရရှိခဲ့ပြီးဖြစ်သည်။

ယင်းသီချင်းသည် Billboard Hot 100 တွင် သီတင်းပတ်၁၄ ပတ်တိတိထိပ်ဆုံးမှ နေရာယူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် DJ Khaledနှင့်အတူသီဆိုထားသည့် “I’m the One.” သီချင်းသည်လည်းBillboard Hot 100တွင် ထိပ်ဆုံးမှရပ်တည်နိုင်ခဲ့သည် ။

 

 

Related News