ကမ္ဘာကျော် အဆိုတော် ဘီယွန်းဆေးသည်အမြွှာရင်သွေးလေးများကိုအောင်မြင်စွာမွေးဖွားခဲ့ပြီဖြစ်ကြောင်; The Independent သတင်းဌာနတွင်ဖော်ပြထားသည်။ ထို့ပြင် Entertainment Weekly, US Weekly နှင့် People မဂ္ဂဇင်းနှင့် TMZ သတင်းဌာနတို့မှလည်းအဆိုပါသတင်းကိုအတည်ပြုဖော်ပြခဲ့ကြသည်။ ယခုစနေတနင်္ဂနွေနေ့များအတွင်းဘီယွန်းဆေးသည် အမြွှာရင်သွေးလေးများကိုအောင်မြင်စွာမွေးဖွားခဲ့ပြီးဖြစ်သည်ဟုသည့် သတင်းများထွက်ပေါ်နေခဲ့ပြီးဗြိတိန်ထုတ် Daily Mail သတင်းဌာနကမူဘီယွန်းဆေးသည်ယခုသီတင်းပတ် အစောပိုင်းကအမြွှာကလေးနှစ်ဦးမွေးဖွားခဲ့သည်ဟုဖော်ပြခဲ့ကြောင်းသိရသည်။

သို့သော်လည်းမွေးဖါားလာသည့် အမြွှာလေးများမှာအမြွာညီအစ်ကို၊ ညီအစ်မ၊ မောင်နှမ ဆိုသည်နှင့် မွေးဖွားသည့် ရက်အတိအကျကိုဖော်ပြခဲ့ကြခြင်းမရှိကြောင်းသိရသည်။ ယခုအခါတွင်မူ TMZ သတင်းဌာန၏ဖော်ပြချက်ကိုPeople မဂ္ဂဇင်းကဘီယွန်းဆေးနှင့် ခင်ပွန်းသည်ရက်ပ်အဆိုတော် ဂျေဇီးတို့၏ သမီးဦးလေးBlue Ivy သည် အမြွာမောင်လေးနှင့် ညီမလေးကို  ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်ကမွေးဖွားခဲ့ပြီးဖြစ်ကြောင်းအစီရင်ခံတင်ပြခဲ့ခြင်းဖြစ်သည်။ 

 

 

Related News