After School အမည်ရှိတောင်ကိုရီးယားအမျိုးသမီးတေးဂီတအဖွဲ့မှ အဖွဲ့ဝင်ဟောင်းဖြစ်သူ UEE သည် သရုပ်ဆောင်မှုကဏ္ဍ၌ပိုမိုအာရုံစိုက်နိုင်ရန်အတွက် Yuleum Entertainment နှင့် စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ် သည်ဟုသိရှိရသည်။ UEE အနေဖြင့် ပြီးခဲ့သည့် (၈) နှစ်တာကာလပတ်လုံးအနုပညာလုပ်ငန်းများကိုPledis Entertain-ment နှင့် လက်တွဲလုပ်ဆောင်ခဲ့ပြီးယခုအခါ ရုပ်သံအစီအစဉ်များ၌လည်း ပါဝင်သရုပ်ဆောင်နိုင်ရန်အတွက် Yuleum Entertainment နှင့် စာချုပ်ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။ UEE အနေဖြင့် သရုပ်ဆောင်အလုပ်အားပိုမိုအလေးထားလုပ် ဆောင်နိုင်ရန်အတွက် After School အဖွဲ့မှ နှုတ်ထွက်လိုက်ခြင်းဖြစ်သည်ဟုသိရှိရသည်။

သူမသည် တေးသီချင်းများသီဆိုခြင်းနှင့် ဖျော်ဖြေရေးများလုပ်ဆောင်နေစဉ်မှာလည်းဒရမ်မာဇာတ်လမ်းတွဲအတော်များများ၌လည်း ပါဝင်သရုပ် ဆောင်ခဲ့ရာသူမ၏သရုပ်ဆောင်မှုစွမ်းရည်နှင့် ပတ်သက်၍လည်းပရိသတ်များ၏ အားပေးမှုအားအခိုင်အမာရရှိထားသူ ဖြစ်သည်။ Yuleum Entertainment ကလည်း UEE အားပုံစံမျိုးစုံနှင့် ဇာတ်ကောင်စရိုက်မျိုးစုံတို့တွင် ပါဝင်သရုပ်ဆောင် နိုင်ရန်အတွက် ပံ့ပိုးသွားမည်ဖြစ်ရာပရိသတ်ကြီးကလည်းသူမအားဆက်လက်အားပေးကြရန် တိုက်တွန်းပြောကြားလိုက်သည်ဟုသိရှိရသည်။ 

 

 

Related News