ကမ္ဘာကျော်စုံတွဲဖြစ်သည့် အဆိုတော် ရှက်ကီရာနှင့် ဘောလုံးသမားပီကေးတို့သည် ၎င်းတို့၏ မင်္ဂလာပွဲကျင်းပရန်အတွက် အလျင်မလိုသေးကြောင်းပြောကြားလိုက်သည်ဟုသိရသည်။ လက်ရှိအချိန်သည် ဘောလုံးရာသီကုန်ဆုံးပြီဖြစ်သည့်အတွက်အချို့ကစားသမားများကလက်တွဲဖော်ချစ်သူများနှင့် မင်္ဂလာပွဲများကျင်းပရန် စီစဉ်နေကြသည်ဖြစ်ရာ ၎င်းတို့စုံတွဲ၏မင်္ဂလာပွဲကိစ္စကိုလဲအားလုံးက စိတ်ဝင်စားနေကြခြင်းဖြစ်သည်။ မတူညီသည့်နယ်ပယ်တွင် အောင်မြင်မှု သရဖူများဆောင်းထားကြသည့် ၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့် ၂၀၁၀ ကမ္ဘာ့ဖလားပွဲတွင်စတင်စုံစည်းခဲ့ကြခြင်းဖြစ်ပြီးထိုစဉ်ကပီကေးသည်စပိန်လက်ရွေးစင် အသင်းအတွက် ပြိုင်ပွဲဝင်ခဲ့ရခြင်းဖြစ်ပြီး ရှက်ကီရာက၂၀၁၀ကမ္ဘာ့ဖလားနာမည်ကျော်သီချင်းဖြစ်သည့် ၀ါကာဝါကာသီးချင်းဖြင့် ဖျော်ဖြေခဲ့ရသူဖြစ်သည်။

လက်ရှိဘာစီလိုနာအသင်း၏ ကစားဖော်များဖြစ်သည့် ဂိုးသမားတာစတီဂန်တို့စုံတွဲသည် ပြီးခဲ့သည့်လကမင်္ဂလာပွဲကျင်းပခဲ့ပြီးဖြစ်သကဲ့သို့ တိုက်စစ်မှူးမက်ဆီသည်လည်းလာမည့် ဇွန်လ၃၀ရက်နေ့တွင်မင်္ဂလာပွဲကျင်းပတော့မည်ဖြစ်သည်။ ထို့ကြောင့်မီဒီယာများကပီကေးကိုမင်္ဂလာပွဲကိစ္စအတွက် မေးမြန်းခဲ့ရာတွင်ပီကေးက ၎င်းတို့စုံတွဲအနေဖြင့် မင်္ဂလာပွဲကိုတစ်ချိန်ချိန်တွင် အသေအချာကျင်းပမည်ဖြစ်ကြောင်း၊ သို့သော်လည်းလက်ထပ်ပွဲအတွက် အလျင်မလိုသေးကြောင်းနှင့် ပြီးပြည့်စုံသည့် မိသားစုဘ၀လေးကိုသာ အာရုံစိုက်နေကြောင်းပြန်လည်ဖြေကြားခဲ့သည်ဟုသိရသည်။ လက်ရှိတွင် ၎င်းတို့စုံတွဲသည် သားလေး၂ယောက်ပိုင်ဆိုင်ထားသည်။ 

 

 

Related News