One Direction အဆိုတော် လီယမ်ပင်းန်ကကေတီပရိုက်နှင့် ပီတာအန်ဒရေးတို့လိုမျိုးချစ်သူချယ်ရီနှင့် နှစ်ယောက်တွဲကာ သီချင်းလုံးဝဆိုမည်မဟုတ်ဟု ပြောကြားလိုက်သည်။ ယင်းသို့ချစ်သူနှစ်ဦးတွဲကာသီချင်းသီဆိုခြင်းမျိုးသည် အနည်းငယ် အပေါစားဆန်သည်ဟု ၎င်းအနေဖြင့် ယူဆထားသည့်အတွက်ပင်ဖြစ်သည်ဟုပြောကြားခဲ့သည်။ ထို့ပြင်၎င်းအတွက် Bear ဆိုသည့်သားလေးကိုမတ်လတွင် မွေးဖွားပေးခသည့် ချစ်သူချယ်ရီကလည်း၎င်းနှင့်သီချင်းအတူတူသီဆိုရန် ဘယ်တော့မှ လက်ခံမည်မဟုတ်ကြောင်းလည်းလီယမ်ကပြောကြားခဲ့သည်။

သားဦးရတနာလေးမွေးဖွားထားသည့် လီယမ်နှင့် ချစ်သူအဆိုတော် ချယ်ရီကိုးတို့သည် နှစ်ယောက်တွဲသီချင်းဆိုခြင်းကိုအပေါစားဆန်သည်ဟုထူးဆန်စွာယူဆထားကြသူများဖြစ်သည်။ လီယမ်ကအဆိုပါစကားကို၂၀၀၆ ခုနှစ်တွင် နာမည်ကြီးမော်ဒယ်ကေတီပရိုက်စ်နှင့်အဆိုတော် ပီတာအန်ဒရေးတို့၏ ဒစ်စနေ၏ Aladdin ဇာတ်ကားထဲမှ A Whole New World သီချင်းကို၎င်းတို့ကိုယ်ပိုင်ဗားရှင်းနှင့် သီဆိုပြီးနာမည်ဆိုးနှင့်ကျော်ကြားခဲ့ရခြင်းကိုကိုးကားကာပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

 

Related News