ပေါ့ပ်စတားတစ်ဦးဖြစ်သူဆယ်လီနာဂိုမက်ဇ်သည် ရည်းစားဟောင်းဖြစ်သူဂျက်စတင်ဘီဘာအားမန်ချက်စတာဗုံးပေါက်ကွဲမှုအတွင်းသေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူမိသားစုများအတွက် သီဆိုဖျော်ဖြေခဲ့သည့် လုပ်ရပ်အပေါ် ချီးကျူးစကားပြောကြားခဲ့သည်။ အသက် ၂၄ နှစ်အရွယ် ဆယ်လီနာသည်နယူးယောက်တွင် ပြုလုပ်သည့် Sirius XM ရေဒီယို၏ Morning Mash Up အစီအစဉ်တွင်“ ဂျက်စတင်ဘီဘာဟာထူးကဲပြောင်မြောက်တဲ့ လုပ်ရပ်ကိုလုပ်ခဲ့တာပါ၊ တကယ့်ကိုကောင်းမွန်မြင့်မြတ်တဲ့ လုပ်ရပ်ပါပဲ” ဟုပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းဖျော်ဖြေပွဲအားအေရီရာနာဂရန်ဒီအဆုံးသတ်ခဲ့သည့် ပုံစံကိုလည်းနှစ်သက်သဘောကျကြောင်းလည်းဆယ်လီနာကပြောကြားခဲ့သည်။ မေလ ၂၂ ရက်နေ့ကမန်ချက်စတာတွင်ပြုလုပ်သည့် အေရီယာနာဂရန်ဒီ၏ရှိုးပွဲတွင်အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ကလေးငယ် များအပါအဝင် ၂၂ ဦးသေဆုံးခဲ့ရသည့်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဘီဘာနှင့် သူငယ်ချင်းဖြစ်သူအေရီယာနာတို့ကဦးဆောင်ပြီးလန်ဒန်ရှိအိုးထရက်ဖို့ဒ် ခရစ်ကတ်ကွင်းမှာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ One Love Manchester ရှိုးပွဲတွင်ဂျက်စတင်ဘီဘာ၊ ကေတီပယ်ရီ၊ Coldplay၊ မိုင်လီဆိုင်းရက်စ်၊ နီရဲလ်ဟိုရန်တို့အပါအဝင် နာမည်ကြီးအဆိုတော်များဖျော်ဖြေခဲ့ကြပြီးဘီဘာကLove Yourself သီချင်းကိုဂီတာတီးပြီးသီဆိုဖျော်ဖြေခဲ့သည်ဟုသိရသည်။

 

Related News