အသက် ၅၆ နှစ်အရွယ်မှ ပထမဆုံးဖခင်ဘ၀ကိုရောက်ရှိခဲ့ရသည့် မင်းသားကြီးဂျော့ဂ်ျကလူနေးသည် အမွှာရင်သွေးလေးများကိုပိုင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ဂျော့ဂ်ျ၏ ဇနီးဖြစ်သူအမ်မ်မယ်သည် ဇွန်လ ၆ ရက်နေ့ နံနက်တွင်လန်ဒန်မြို့၌ သားနှင့်သမီးအမွှာလေးမျာိးကုမွေးဖွားခဲ့ခြင်းဖြစ်သည်။ အမွှာမောင်နှမဖြစ်သည့် အယ်လာ၊ အလက်ဇန္ဒားနှင့် မိခင်ဖြစ်သူအမ်မယ်တို့အားလုံးကျန်းမာပျော်ရွှင်စွာရှိနေကြကြောင်းမင်းသားကြီး၏ ပြောရေးဆိုခွင့်ရှိသူ Stan Rosenfield က ပြောကြားခဲ့ကြောင်းသိရသည်။ "ဂျော့ဂ်ျကိုစိတ်ငြိမ်ဆေးတိုက်ထားရပါတယ်။ ရက်အနည်းငယ်အတွင်းတော့ ပြန်ကောင်းသွားမယ် ထင်ပါတယ်" ဟု Stan Rosenfield က အရွှန်းဖောက်ထားသည်ကိုလည်းတွေ့ရသည်။  အသက် ၅၆ နှစ်အရွယ် ဟောလိဝုဒ်မင်းသားကြီးဂျော့ဂ်ျ သည်အသက် ၃၉ နှစ်အရွယ် ရှေ့နေအမ်မယ်လ်နှင့် ၂၀၁၄ ခုနှစ်တွင် ဗင်းနစ်၌လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။ ယခင်ကကလေးယူရန် စိတ်အားထက်သန်မှုမရှိခဲ့သည့် ဂျော့ဂ်ျသည် ယခုအခါတွင်အလန်ပျော်ရွှင်နေလျက်ရှိပြီး ၎င်း၏မိဘများနှင့် ယောက္ခမများကလည်းအမွှားမြေးလေးများရရှိသည့်အတွက် အလွန်ပျော်ရွှင်နေကြသည်ဟုသိရသည်။ 

 

 

Related News