ကမ္ဘာကျော်တောင်ကိုရီးယားတေးဂီတအဖွဲ့ EXO သည် တောင်ကိုရီးယားနွေရာသီကာလ တွင် အယ်လ်ဘမ်သစ်နှင့်အတူ ပရိသတ်ထံ ပြန်လာဦးမည်ဟု သိရသည်။ အယ်လ်ဘမ်သစ်အမည်ကိုလည်း ရွေးချယ်ပြီး ဖြစ်သလို အဖွဲ့ဝင်များအနေဖြင့်လည်း အယ်လ်ဘမ်သစ်ထွက်ရှိလာရန် အထူးမျှော်လင့်လျက်ရှိသည်ဟု အဖွဲ့ဝင် Suho က ဆိုးလ်မြို့ရှိ ဂျမ်ဆဲလ်အိုလံပစ်ပင်မအားကစားရုံတွင် ကျင်းပပြုလုပ်မည့် Exo Planet#3 – The Exo’ radium အမည်ရှိ တေးဂီတဖျော်ဖြေပွဲအကြို သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်ခြင်းဖြစ်သည်။

EXO အဖွဲ့၏ ကမ္ဘာလှည့်တေးဂီတဖျော် ဖြေရေးခရီးစဉ်၏ ပထမဦးဆုံးဖျော်ဖြေပွဲအား လာမည့်ဇူလိုင်လတွင် ဆိုးလ်မြို့၌ စတင်ကျင်းပသွားမည်ဖြစ်ကာ ဆက်လက် ၍ လော့စ်အိန်ဂျလိစ်၊ ဘန်ကောက်၊ ဟောင်ကောင်အပါအင် မြို့ကြီး (၁၇) မြို့၌ ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သိရှိရ သည်။ 

 

 

Related News