ကမ္ဘာကျော် စူပါမော်ဒယ်လ် Bella Hadidသည် ပရော်ဖက်ရှင်နယ်မော်ဒယ်တစ်ယောက် ပီပီကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်သည့်  Nike ၏ဖိနပ်ကြော်ငြာသစ်ကိုရိုက်ကူးပေးခဲ့သည်ဟုသိရသည်။ Bella သည် Nike မှ အသစ်ထွက်ရှိမည့် Cortez sneaker ကြော်ငြာအတွက် ဓါတ်ပုံရိုက်ကူးပေးခဲ့ခြင်းဖြစ်သည်။

(၁၉၇၂)ခန့်က ဖိနပ်ဒီဇိုင်းပုံစံများဖြစ်သည့်အနီ၊အဖြူနှင့် အပြာရောင်Nike ၏ ရှူးဖိနပ်များကိုBella Hadid က Sport ၀တ်စုံ၊ Classic ဖြစ်သည့်ဝတ်စုံဒီဇိုင်းမျိုးနှင့်စကိတ်ပြားစီးသည့် ဒီဇိုင်းမျိုးဖြင့် တွဲဖက်ဝတ်ဆင်ကာ ကြေည်ငြာရိုက်ကူးပေးထားသည်ကိုတွေ့ရသည်။ ကမ္ဘာကျော် မော်ဒယ်လ်ပီပီ အ၀တ်အစားပုံစံမျိုးစုံဖြင့် လိုက်ဖက်ညီစွာ ၀တ်ဆင်ကြေငြာပေးထားသည်ကို တွေ့ရှိရသည်။

ယခုသူမကြော်ငြာရိုက်ကူးနေသည့် Nike Cortez sneakersဖိနပ်များကိုလာမည့် ဇူလိုင်လတွင်ဈေးကွက်တွင် စတင်ဖြန့်ချီရောင်းချမည်ဖြစ်ပြီးnike.com တွင်မူလာမည့်ဇွန်လ(၁) ရက်နေ့မှစတင်ကာသယ်ယူရရှိနိုင်မည်ဖြစ်ပြီးဈေးနှုန်းတန်ဘိုးမှာအမေရိကန်ဒေါ်လာ ၉၀  ဖြစ်ကြောင်းသိရသည်။

 

 

Related News