တောင်ကိုရီးယားထိပ်တန်းမင်းသမီးချောတစ်လက်ဖြစ်သည့် Sung Yuri သည် သူမ၏ ချစ်သူဂေါ့ဖ်ကစားသမားAhn Sung Hyun နှင့် လက်ထပ်လိုက်ပြီဖြစ်ကြောင်းသိရှိရသည်။

၎င်းတို့နှစ်ဦးသည် ချစ်သူသက် တမ်း (၄) နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် နှစ်ကိုယ်တူဘ၀ထူထောင်ရန်အတွက် လက်ထပ်ပွဲဆင်နွှဲခဲ့ခြင်းဖြစ်သည်ဟုမင်းသမီး Sung Yuri ၏ အနုပညာအေဂျင်စီမှ ပြောကြားခဲ့သည်။ ၄င်းတို့နှစ်ဦးကမင်္ဂလာပွဲအားအေးအေးချမ်းချမ်းတိတ် တိတ်ဆိတ်ဆိတ်သာဆင်နွှဲလိုသည့်အတွက် ကာယကံရှင်နှစ်ဦး၏ဆန္ဒအရမင်္ဂလာပွဲသတင်းအား ကြိုတင်မထုတ်ပြန်ရန် တောင်းဆိုခဲ့ကြကြောင်း Yuri ၏ အနုပညာအေဂျင်စီမှ သတင်းထုတ်ပြန်ချက်အရသိရှိရသည်။

ယင်းထုတ်ပြန်ချက်နှင့်အ တူ ၄င်းတို့နှစ်ဦး၏ မင်္ဂလာပွဲမှတ်တမ်းဓာတ်ပုံများကိုပါ ထုတ်ပြန်ခဲ့သည်။ Yuri တို့နှစ်ဦးချစ်သူများဖြစ်နေကြသည်ကို ပြီးခဲ့ သည့် ၂၀၁၄ ခုနှစ်ကတည်းကပရိသတ်အား တရားဝင်အသိပေးကြေညာခဲ့ခြင်းဖြစ်သည်ဟုသိရှိရသည်။ 

 

 

Related News