ပြီးခဲ့တဲ့နှစ်(၂၀)အတွင်း ပထမဆုံးအကြိမ် တရုတ်ကားဈေးကွက်အရောင်းကျဆင်းသွားတာဟာ ကုန်သွယ်ရေးစစ်ပွဲကြောင့်လို့ တရုတ်ကားထုတ်လုပ်သူများအဖွဲ့အစည်း(CAAM)ကပြောပါတယ်။ကမ္ဘာ့အကြီးဆုံးကားဈေးကွက်ဖြစ်တဲ့ တရုတ်ကားဈေးကွက်ဟာ ပြီးခဲ့တဲ့နှစ်(၂၀)အတွင်း ပထဆုံးအကြိမ်အရောင်းကျသွားခဲ့ပါ တယ်။ ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ်မှာ ကားအရောင်း(၆)ရာခိုင်နှုန်း၊ အစီးရေအားဖြင့် (၂၂.၇)သန်းကျသွားခဲ့တယ်လို့ တရုတ်ခရီးသည် တင်ကားအဖွဲ့(CPCA)ကပြောပါတယ်။ တရုတ်နိုင်ငံရဲ့စီးပွားရေးအရှိန်လျော့ကျမှုတွေကြားမှာ ကားဈေးကွက်ထဲအရောင်းကျလာ တာကြောင့် ကမ္ဘာတစ်ဝန်းကားထုတ်လုပ်သူတွေရဲ့စွမ်းဆောင်ရည်ကိုလည်း ထိခိုက်စေခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ iPhoneအ ရောင်းကျသွားလိမ့်မယ်လို့ Appleကုမ္ပဏီကသတိပေးခဲ့ပြီးနောက် ကားအရောင်းကျဆင်းနေတဲ့အချက်လည်း ပေါ်ထွက်လာတာပါ။

တချိန်ထဲမှာပဲ တရုတ်နိုင်ငံမှာ အများဆုံးအောင်မြင်မှုရထားတဲ့ ကားကုမ္ပဏီဂီးလီကလည်း အခု(၂၀၁၉)ခုနှစ်မှာ ကားအ ရောင်းကျသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဖို့ဒ်၊ ဗော့စ်ဝဂွန်၊ ဂျာဂွာလန့်ရိုဗာနဲ့ ဂျန်နရယ်မော်တာတို့ဟာ (၂၀၁၈)ခုနှစ်ကုန် ပိုင်းမှာ အရောင်းကျခဲ့တယ်လို့ ပြောပါတယ်။ တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲကြောင့် အခုလိုကားအရောင်းကျသွားတာ လို့ (၂၀၁၈)ခုနှစ်၊ ဒီဇင်ဘာလမှာ တရုတ်ကားထုတ်လုပ်သူများအဖွဲ့အစည်း(CAAM)ကပြောပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်မှာ တ ရုတ်နဲ့ အမေရိကန်နိုင်ငံတို့ဟာ တစ်ဖက်နဲ့တစ်ဖက် ဘီလီလျံချီပြီး အခွန်တွေတိုးကောက်ခဲ့ပါတယ်။

 

 

Related News