နိုဝင်ဘာလ(၂၀)ရက်မှာ ကားလို့စ် ဟိုဆန်ဖမ်းခံရပြီးနောက်ပထမဆုံးအကြိမ်အနေနဲ့ နစ်ဆန်၊ ရေးနော့နဲ့ မစ်ဆူဘီရှိလုပ်ငန်းစု တို့က အမှုဆောင်တွေတွေ့ဆုံခဲ့ကြပြီး ကုမ္ပဏီ(၃)ခုဟာ အပြည့်အ၀ဆက်ပြီးပူးပေါင်းနေဦးမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါ တယ်။ နိုဝင်ဘာလ(၂၉)ရက်မှာ ဗီဒီယိုအစည်းအဝေးပြုလုပ်ခဲ့တာဖြစ်ပြီး နစ်ဆန်းဥက္ကဋ္ဌဟီရိုတို ဆာအီကာဝါ၊ မစ်ဆူဘီရှီအမှု ဆောင်အရာရှိချုပ် အိုဆာမူ မာဆူကိုနဲ့ ရေးနော့ အလုပ်အမှုဆောင်ချုပ် သီယာရီ ဘော်လောတို့တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်(၂)ခုစာယှဉ်ပြိုင်မှုကင်းမဲ့တဲ့အောင်မြင်မှုတွေကြောင့် အပြည့်အ၀ဆက်ပြီးပူးပေါင်းသွားမယ်လို့ ထုတ်ပြန်ခဲ့တာပါ။ ဟို ဆန်ဟာ (၅)နှစ်လောက်သူ့ရဲ့ဝင်ငွေအမှန်ကိုမတင်ပြဘဲ ဂျပန်ယန်းငွေသန်း(၅)ထောင်လောက်ထိန်ချန်ခဲ့သလို ကုမ္ပဏီပိုင်ပစ္စည်း တွေကို ပုဂ္ဂိုလ်ရေးအတွက်သုံးစွဲခဲ့တယ်လို့ ဂျပန်အစိုးရရှေ့နေတွေကစွပ်စွဲနေကြပါတယ်။ ဒါပေမဲ့ ဆယ်ရက်ကျော်ကြာလောက် ထိန်းသိမ်းခံထားရတဲ့ဟိုဆန်နေရာမှာ ယာယီဥက္ကဋ္ဌအဖြစ် အစားထိုးခန့်အပ်ဖို့ စီစဉ်နေတာမရှိဘူးလို့လည်း ကုမ္ပဏီတွေက ပြောပါတယ်။

 

 

Related News