အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့အပြန်အလှန်အခွန်တိုးကောက်မှုတွေကြောင့် ကုန်သွယ်ရေးစစ်ပွဲတွေဖြစ်လာနိုင်တယ်လို့ စိုးရိမ်မှုတွေမြင့်တက်နေတဲ့ အတွက် ကမ္ဘာတစ်ဝန်းက စတော့ဈေးကွက်ညွှန်းကိန်းတွေရဲ့တန်ဖိုးတွေကျဆင်းနေပါတယ်။ တရုတ်နိုင်ငံကို အခွန်တိုးကောက်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇွန်လ(၁၉)ရက်မှာ ခြိမ်းခြောက်ခဲ့ပြီးနောက် ကမ္ဘာတစ် ၀န်းက စတော့ဈေးကွက်တွေမှာ တန်ဖိုးကျဆင်းခဲ့ပါတယ်။

ဇွန်လ(၁၉)ရက်မှာ အမေရိကန်စတော့ ဈေးကွက်ရဲ့ဒေါ်ဂျုန်းရှယ်ယာ ညွှန်းကိန်းတန်ဖိုးတွေက (၁.၂)ရာခိုင်နှုန်း (ဒါမှမဟုတ်) (၂၈၇)မှတ်နဲ့ စာရင်းပိတ်ခဲ့ပြီး အစောပိုင်းက အာရှနဲ့ဥရောပစတော့ဈေး ကွက်တွေမှာလည်း တန်ဖိုးတွေသိသိသာသာကျဆင်းခဲ့ပါတယ်။ တရုတ်သွင်းကုန်အမေရိကန်ဒေါ်လာဘီလီယံ(၂၀၀)လောက်ကို အခွန်တိုးကောက်မယ်လို့ သမ္မတထရမ့်ကပြောခဲ့ပြီးနောက် ဇွန်လ(၁၉)ရက်မှာ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းစတော့ဈေးကွက်မှာ ထိခိုက် မှုအများဆုံးရှိခဲ့ပြီး ရှယ်ယာတန်ဖိုး(၃.၈)ရာခိုင်နှုန်းကျဆင်းပြီး စာရင်းပိတ်ခဲ့ပါတယ်။

ဥရောပတိုက်က ဂျာမနီရဲ့ ဒတ်က်စ်စတော့ ညွှန်းကိန်းက (၁.၂)ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ပြင်သစ်ရဲ့ကတ်ခ်ညွှန်းကိန်းက (၁.၁)ရာခိုင်နှုန်းကျဆင်းခဲ့သလို လန်ဒန်မြို့က FTSE100 ညွှန်းကိန်းကလည်း (၀.၃၆)ရာခိုင်နှုန်း(ဒါမှမဟုတ်)(၂၇)မှတ်ကျဆင်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံက ဒေါ်ဂျုန်းညွှန်းကိန်း ကျဆင်းမှုက အခုနှစ်အတွင်းညွှန်းကိန်းကိုအနှုတ်ပြစေခဲ့ပြီး တရုတ်နိုင်ငံနဲ့အလုပ်နေကြတဲ့လုပ်ငန်းတွေအတွက်တော့ ညွှန်းကိန်း ကျဆင်းတာ (၆)ရက်မြောက်ဖြစ်ပါတယ်။ အမေရိကန်က တရုတ်နိုင်ငံကို အခွန်တိုးကောက်မယ်လို့ ခြိမ်းခြောက်ထားချိန်မှာပဲ သံမဏိနဲ့ဒန်တွေကို အမေရိကန်က အခွန်တိုးကောက်ခဲ့တာကြောင့် ရှရှားပို့ကုန်တွေနဲ့ပမာဏတူတဲ့ အမေရိကန်သွင်းကုန်တွေကို ရည်ရွယ်ပြီး တုံ့ပြန်အခွန်တိုးကောက်သွားမယ်လို့ ရုရှားစီးပွားရေးဝန်ကြီး မာဆင် အော်ရက်ရှ်ကင်န်က ပြောခဲ့ပါတယ်။ 

 

 

Related News