အခုလ (၁)ရက်ကစပြီး အမေရိကန်ရဲ့မိတ်ဖက်နိုင်ငံတွေကတင်သွင်းတဲ့ သံမဏိနဲ့ဒန်တွေကို အခွန်တိုးကောက်ခဲ့တာကြောင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်လာနိုင်တယ်လို့ (G-7)အဖွဲ့ဝင်နိုင်ငံတွေရဲ့ဘဏ္ဍာရေးဝန်ကြီးတွေက သတိပေးခဲ့ကြပါတယ်။ အခုလ(၁)ရက်မှာစတင်ပြီး ဥရောပသမဂ္ဂအဖဲ့္ဂ၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့ကနေ အမေရိကန်နိုင်ငံကိုတင်သွင်းတဲ့ သံမဏိနဲ့ဒန် တွေကို အခွန်စတိုးကောက်ခဲ့တာကြောင့် (G-7)အဖွဲ့ဝင် နိုင်ငံတွေရဲ့ဘဏ္ဍာရေးဝန်ကြီးတွေက အမေရိကန်ငွေတိုက်ဝန်ကြီးစတိဗ် မန်နူချင်ကို ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။

ဇွန်လ(၁)ရက်ကစတင်ပြီး ကနေဒါနိုင်ငံ၊ ၀တ်စ်တလာနှင်းလျှောစီးအပန်းဖြေ စခန်းမှာ (G-7)အဖွဲ့ဝင်နိုင်ငံတွေက ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးတွေ တွေ့ဆုံစဉ်မှာ ပြောခဲ့ကြတာပါ။ ရက် ပိုင်းအတွင်းကုန်သွယ်ရေးစစ်ပွဲဖြစ်လာနိုင်တယ်လို့ ပြင်သစ်ဘဏ္ဍာရေးဝန်ကြီးဘရူနို လီမာရေးက သတိပေးပါတယ်။ ဥရောပ သမဂ္ဂနဲ့ ကနေဒါတို့က တုံ့ပြန်အရေးယူမှုတွေပြုလုပ်သွားမယ်လို့ အစည်းအဝေးမှာပြောခဲ့ပါတယ်။ အမေရိကန်က ကားတင်သွင်း တာကိုလည်း အခွန်တိုးကောက်ဖို့ရှိနေတာဟာ တစ်ဖက်သက်ဆန်သလို တစ်ဖက်ပိတ်ဝါဒကျင့်သုံးတာက ဘယ်နိုင်ငံအတွက်မှ အကျိုးမရှိနိုင်ဘူးလို့ ဂျပန်ဘဏ္ဍာရေးဝန်ကြီးတာရို အာဆိုကဝေဖန်ခဲ့ပါတယ်။

တခြားနိုင်ငံတွေနဲ့ကုန်သွယ်ခဲ့တာကြောင့် အမေရိ ကန်နိုင်ငံအတွက် နှစ်ချီထိခိုက်ခဲ့ပြီး သံမဏိတင်သွင်းမှုကို အခွန်တိုးကောက်တာကြောင့် အမေရိကန်အမျိုးသားလုံခြုံရေးအတွက် အရေးကြီးတဲ့ နိုင်ငံသားသံမဏိလုပ်ငန်းရှင်တွေကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တွစ်တာ မှာပြောခဲ့ပါတယ်။ ဥရောပနဲ့ တခြားနေရာတွေမှာ လုပ်ငန်းလုပ်နေတဲ့ အမေရိကန်နိုင်ငံသားပိုင်လုပ်ငန်းတွေမှာ အတားအဆီးတွေ ရှိနေတယ်လို့လည်း သမ္မတထရမ့်ကပြောခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝေလ်ဘာ ရော့စ်က တရုတ်ဒုတိယ၀န်ကြီးချုပ်လျူဟီနဲ့ တရုတ်နိုင်ငံမြို့တော်ဘေကျင်းမှာတွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေးတင်းမာမှု တွေလျှော့ချရေးဆွေးနွေးခဲ့ကြပါတယ်။

Related News