အမေရိကန်နိုင်ငံက ဂျပန်နိုင်ငံရဲ့ကားတင်သွင်းမှုကို အခွန်တိုးကောက်ဖို့ စီစဉ်နေတာက ကမ္ဘာ့ဈေးကွက်ကို ပျက်စီးစေနိုင်တယ် လို့ ဂျပန်ကုန်သွယ်ရေးဝန်ကြီးဟီရိုရှီဂဲ ဆီကိုက သတိပေး လိုက်ပါတယ်။ ဂျပန်နိုင်ငံက တင်သွင်းတဲ့ကားတွေက အမေရိကန် နိုင်ငံရဲ့လုံခြုံရေးနဲ့ အမျိုးသား လုံခြုံရေးကို ထိခိုက်စေသလားဆိုတာကို စုံစမ်းဖို့ အမေရိကန်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက စီစဉ်ခဲ့ပြီးနောက် အခုလိုပြောခဲ့ပါတယ်။

အမေရိကန်ရဲ့လုပ်ရပ်ဟာ ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ (W.T.O) ကို အခြေခံတဲ့ နိုင်ငံစုံကုန်သွယ်မှုစနစ်ကို ဆိုးကျိုး သက်ရောက်နိုင်တယ်လို့ ဆီကိုကပြောပါတယ်။ အဲဒီစစ်ဆေးမှုတွေက (W.T.O) ရဲ့စည်းမျဉ်း တွေနဲ့ကိုက်ညီရမယ်လို့ အမေရိကန်ကုန်သွယ်ရေးအာဏာပိုင်တွေကို ပြောသွားမယ်လို့လည်း ပြောပါတယ်။ အမေရိကန်ရဲ့စုံစမ်း စစ်ဆေးမှုတွေကို စောင့်ကြည့်နေမယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ်က ဂျပန်နိုင်ငံထုတ်ကားအစီးရေ(၁၇.၃)သိန်း ကျော်ကို ဂျပန်နိုင်ငံက တင်ပို့ခဲ့တယ်ဆိုပြီး ဂျပန်ကားထုတ်လုပ်သူများအသင်းက ပြောခဲ့ပါတယ်။ 

 

 

Related News