အခုဧပြီ လအတွင်း တရုတ်သွင်းကုန်တွေကို ဒုတိယအကြိမ်အခွန်တိုးကောက်ရေး သုံးသပ်ဖို့ အမေရိကန်အရာရှိတွေကို သမ္မတဒေါ်နယ် ထရမ့်က ညွှန်ကြားခဲ့ပါတယ်။အမေရိကန်နိုင်ငံကိုတင်သွင်းတဲ့ တရုတ်ကုန်ပစ်္စည်းတွေကို နောက်ထပ်အမေရိကန် ဒေါ်လာဘီလီယံ (၁၀၀)တိုးကောက်ရေး သုံး သပ်ဖို့ အမေရိကန်အရာရှိတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ညွှန်ကြားခဲ့တယ်လို့ သတင်းတွေမှာဖော်ပြနေပါတယ်။

တရုတ်သွင်းကုန်အမျိုး (၁၃၀၀) လောက်ကို အခွန်တိုးကောက်မယ်လို့ အခုတစ်ပတ်အစောပိုင်းမှာပြောခဲ့လို့ တရုတ်နိုင်ငံကို တင် သွင်းတဲ့ အမေရိကန်ကုန်ပစ်္စည်း(၁၀၆)မျိုးကို အခွန်တိုးကောက်ဖို့ တရုတ်ဘက်က တုံ့ပြန်ခဲ့ပြီးနောက် သမ္မတထရမ့်က အခုလို ညွှန်ကြားခဲ့တာပါ။

အခုလိုအပြန်အလှန်တုံ့ပြန် အရေးယူမှုတွေကြောင့် ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ကမ္ဘာ့ဈေးကွက်မတည် ငြိမ်ဖြစ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။ ဒီဖြစ်ရပ်တွေဟာ ကမ္ဘာ့စီးပွားရေးနဲ့ဈေးကွက်အတွက် ထိခိုက်နိုင်ပြီး (၂)နိုင်ငံကြားမှာ ညှိနှုင်းဆွေးနွေးမှုတွေပြုလုပ်သင့်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဒါပေမဲ့ အာရှဈေးကွက်မှာတော့ ရင်း နှီးမြှုပ်နှံသူတွေအတွက် အခက်အခဲမရှိနေဘဲ ကုန်သွယ်ရေးစစ်ပွဲဆိုတာဟာ ပုံကြီးချဲ့နေတာဖြစ်တယ်လို့ တုံ့ပြန်နေကြပါတယ်။ တရုတ်နိုင်ငံမှာတော့ ဟောင်ကောင်စတော့ဈေးကွက်မှာ ရှယ်ယာတန်ဖိုးတွေ (၁.၅)ရာခိုင်နှုန်းမြင့်တက်နေပြီး ဧပြီလ(၆)ရက်မ နက်ပိုင်းမှာတော့ ဂျပန်နိုင်ငံကတိုကျိုစတော့ဈေးကွက်မှာ  ရှယ်ယာတန်ဖိုးတွေ မြင့်တက်နေပါတယ်။

ပြီးခဲ့တဲ့မတ်လမှာ အမေရိ ကန်နိုင်ငံကိုတင်သွင်းတဲ့ သံမဏိနဲ့ဒန်တွေကို အခွန်တိုးကောက်မယ်လို့ အမေရိကန်က ကြေညာခဲ့ပြီးနောက် အမေရိကန်နဲ့တ ရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်လာနိုင်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။ 

 

 

Related News