ကမ္ဘာကျော် Appleကုမ္ပဏီမှ ထုတ်လုပ်သည့် Apple Wach စမတ်လက်ပတ်နာရီ၏ရောင်းအားသည် လာမည့် ၂၀၁၈ ခုနှစ်တွင် ၃၃ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ရန် မျှော်မှန်းထားသည်ဟုသိရသည်။Appleကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်က Apple Watch နာရီသည် စတင်ထုတ်လုပ်ချိန်မှစတင်ကာတစ်ဖြည်းဖြည်းရောင်းအားမြင့်တက်လာလျက်ရှိပြီး လာမည့် ၂၀၁၈ ခုနှစ်တွင် ၃၃ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ရန် မျှော်မှန်ထားသည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

အီလက်ထရောနစ်ပစ္စည်းများဆိုင်ရာနေ့စဉ်ထုတ် သတင်းစာတစ်ခုဖြစ်သည့် Digit Times ၏ဖော်ပြချက်အရလာမည့် ၂၀၁၈ ခုနှစ်တွင် Apple Watchနာရီအလုံးရေသန်း ၂၀ အထိရောင်းအားမြင့်တက်နိုင်သည်ဟု သိရသည်။Appleအနေဖြင့် ၎င်း၏  တတိယမြောက်မျိုးဆက် Apple Watch3 ကိုစတင် ထုတ်လုပ် မိတ်ဆက်ရန် အဆင်သင့်ဖြစ်နေပြီးApple ၏ smartwatchများတင်ပို့ရောင်းချမှုသည် ယခုနှစ် စတုတ္ထသုံးလပတ်တွင်အလုံးရေ ၄.၅ သန်းမြင့်တက်လာရန်ရည်မှန်းထားပြီး ၂၀၁၇ ခုနှစ်တစ်နှစ်လုံးတွင် အလုံးရေ ၁၅ အထိရောင်းချနိုင်မည်ဟုသိရသည်။ ထို့ပြင် ၂၀၁၉ ခုနှစ်တွင် Apple Watchအလုံးရေသန်း ၅၀ အထိရောင်းချ နိုင်လိမ့်မည်ဟုလည်းမျှော်မှန်းထားကြောင်းသိရသည်။လက်ရှိတွင် Apple Watch ရောင်းအားသည် အလုံးရေ၁၀သန်းနီးပါးရှိနေပြီဖြစ်ကြောင်းသိရသည်။

Apple Watch 3 သည် ဒီဇိုင်းပိုင်းတွင်သိသာစွာပြောင်းလဲမှုမျိုးရှိမည်မဟုတ်သော်လည်းintelထုတ် LTE modems ပါမော်ဒယ်နှင့်ရိုးရိုးမော်ဒယ်ဟူ၍ ဈေးကွက်ထဲသို့ ဗားရှင်းနှစ်မျိုးဖြင့် ထွက်ရှိလာမည်ဖြစ်သည်။

 

 

Related News