ယခုလ ၁၈ ရက်က Monterey မော်တော်ကားသီတင်းပတ်တွင် ကျင်းပပြုလုပ်သည့် နှစ်စဉ်မော်တော်ကားလေလံပွဲတစ်ခု၌ ဗြိတိန်ထုတ် မော်တော်ကားတစ်စီးဖြစ်သည့် Aston Martin မော်တော်ကားတစ်စီးအားပေါင် ၁၇ ဒသမ ၅ သန်း(အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်း) ဖြင့် စံချိန်တင်ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။ ၁၉၅၆ ခုနှစ်ထုတ် Aston Martin DBR1 မော်တော်ကားကို Ferrari 250 GTO နှင့် Mercedes-Benz 300 SLR တို့ကဲ့သို့ ၁၉၅၆ ခုနှစ်နှင့် ၁၉၅၈ ခုနှစ်အကြားတွင် ငါးစီးသာထုတ်လုပ်ခဲ့ကြောင်းသိရသည်။ 

ယခုမော်တော်ကားသည် ပြိုင်ကားဒီဇိုင်းဆိုင်ရာအကြီးအကဲ Ted Cutting က တီထွင်ဖေါ်ထုတ်ခဲ့သည့် ရည်ရွယ်ချက်ဖြင့်တည်ဆောက်သောမော်ဒယ်တစ်ခုဖြစ်ကာ chassis နံပါတ် ၁ ရှိမော်တော်ကားဖြစ်ကြောင်းသိရသည်။ DBR1/1 ကို Le Mans ပြိုင်ကားပြိုင်ပွဲအတွက် ရည်ရွယ်ပုံစံထုတ်ထားခြင်းဖြစ်ကြောင်း၊ သို့သော် အဆိုပါ ၂၄ နာရီပြိုင်ပွဲတွင် အနိုင်မရရှိခဲ့ကြောင်းနှင့် ၎င်းနောက်ထုတ် လုပ်သောမော်ဒယ်ကအနိုင်ရရှိခဲ့ကြောင်းသိရသည်။ ယခုလေလံတင်ရောင်းချခဲ့ရသောမော်တော်ကားသည် ငါးစီးသာထုတ်လုပ်သည့် ပြိုင်ကားများအနက် ပထမဦးဆုံးတစ်စီးဖြစ်ကာအဆိုပါပြိုင်ကားများအနက် တစ်စီးသည် ၁၉၅၉ ခုနှစ် ကကျင်းပခဲ့သည့် 24 Hours of Le Mans ပြိုင်ကားပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ကြောင်းသိရသည်။ တစ်ဖန်၎င်းပြိုင်ကားသည် ယင်းနှစ်တစ်နှစ်တည်း၌ပင် Nurburgring ၁၀၀၀ ကီလိုမီတာကားပြိုင်ပွဲတွင်လည်းအနိုင်ရရှိခဲ့ကြောင်းသိရသည်။ 

 

Related News