မြေအောက်ရထားနဲ့ သွားလာမယ့် ဘေကျင်းပြည်သူတွေအတွက် ရထားလက်မှတ်ဖိုး ငွေရှင်းရာမှာ ဖုန်းနဲ့ငွေပေးချေတဲ့စနစ်ကို တနင်္လာနေ့မှာ စတင်မိတ်ဆက်လိုက်ပြီး အန်းဒရွိက်ဖုန်း တွေမှာ ဒီစနစ်ကိုအသုံးပြုနိုင်ပြီဖြစ်တယ်လို့ ဘေဂျင်းမြို့တော် စည်ပင်သာရေး၊ အုပ်ချုပ်ရေးနဲ့ ဆက်သွယ် ရေးကတ်ကုမ္ပဏီ (BMAC)ကပြောဆိုပါတယ်။ 

ဖုန်းထဲမှာအက်ပလီကေးရှင်းတစ်ခုထည့်ထားရမှာဖြစ်ပြီး ရထားလက်မှတ်ဝယ်ယူတဲ့စက်နဲ့ (၄)စင်တီမီတာလောက်မှာ ဖုန်းကို ထားလိုက်ရင် ဖုန်းထဲကနေကျသင့်တဲ့ရထားလက်မှတ်ခကို ကောက်ခံသွားမှာဖြစ်ပါတယ်။NFCလို့အမည်ရတဲ့ ဒီစနစ်ကို အသုံးပြုဖို့အတွက် ၀ိုင်ဖိုင်ကိုသာ အသုံးပြုမှာဖြစ်ပြီး ဖုန်းရဲ့အင်တာနက်ဖွင့်ထားစရာမလိုအပ်ပါဘူး။ ခရီးသည်တစ်ဦးက ဒီစနစ်ဟာ အသုံးပြုရအဆင်ပြေတဲ့အပြင် မြေအောက်ရထားလက်မှတ်ခပေးချေနိုင်တဲ့ကတ်တွေ ယူစရာမလိုတော့ဘဲ ငွေဖြည့် ချင်ရင်လည်း ဖုန်းထဲကနေငွေဖြည့်နိုင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ မိုဘိုင်းဖုန်းအမျိုးအစား(၁၆၀)ကျော်လောက်က NFC စနစ်သုံးပြီးငွေဖြည့်ဖို့အတွက်အဆင်ပြေပေမယ့် အိုင်ဖုန်းတွေကတော့ အဆင်မပြေသေးဘူးလို့သိရပါတယ်။

Apple ကုမ္ပဏီက တရုတ်ပြည်တွင်း သယ်ယူပို့ဆောင်ရေးမှာ NFC စနစ်ကိုသုံးလို့ရနိုင်မယ့် ၀န်ဆောင်မှုကို အိုင်ဖုန်းတွေမှာ မဖွင့်ပေးသေးတဲ့အတွက် မသုံးနိုင်သေးတာဖြစ်တယ်လို့   (BMAC)ရဲ့စီးပွားရေးတိုးတက်မှုဌာနရဲ့ အကြီးတန်းမန်နေဂျာလူမင်းကပြောပါတယ်။ ဘေဂျင်း မြေအောက်ရထားလမ်းဝန်ဆောင်မှုစနစ် အနေနဲ့ကလည်း ပြောင်းလဲလိုက်တဲ့ဖုန်းနဲ့ ငွေပေးချေတဲ့စနစ်အဆင်ပြေဖို့နဲ့ ခရီးသည်တွေ အခက်အခဲမတွေ့စေဖို့အတွက် သူရဲ့အင်တာနက် ၀န်ဆောင်မှုစနစ်တွေကို မြှင့်တင်ထားပါတယ်။

 

Related News