အမေရိကန်နဲ့တရုတ်နိုင်ငံကြားက စီးပွားရေးလုပ်ငန်းတွေကြား  လုပ်ငန်းသဘောအရ ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေ အတွင်းရှိခဲ့တဲ့အခြေအနေထက် ပိုပြီး ကောင်းမွန်လာတယ်လို့ အမေရိကန်စီးပွားကူးသန်းဝန်ကြီး ““၀ီလ်ဘာ ရော့စ်””က ပြောလိုက်ပါတယ်။ ၀ါရှင်တန်မှာကျင်းပတဲ့ အမေရိကန်-တရုတ်စီးပွားရေးခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲအဖွင့်မိန့်ခွန်းမှာ ၀န်ကြီးက အခုလိုပြောလိုက်တာပါ။ တရုတ်နဲ့ အမေရိကန်နိုင်ငံတို့က စီးပွားရေးလုပ်ငန်းတွေရဲ့ ခေါင်းဆောင်ပိုင်းက လူပေါင်း(၂၀)တို့ဟာ တရုတ်-အမေရိကန် စီးပွားရေးဆက်ဆံရေးမှာ စိန်ခေါ်မှုတွေရှိနေတာကို ဖြေရှင်းနိုင်မယ့် အဖြေရရှိဖို့ရည်ရွယ်ပြီး နှစ်ပတ်လည် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြတာပါ။ ကုန်သွယ်ရေးဆွေးနွေးပွဲအတွင်း တိကျတဲ့တိုးတက်မှုတွေ ရက်ပေါင်း ၄၀ အတွင်းရှိလာအောင် အမေရိကန်အမဲသားတွေကို တရုတ်နိုင်ငံက ၁၄ နှစ်ကြာပိတ်ထားမှုကို အပြောင်းအလဲရှိလာအောင် ဆွေးနွေးခဲ့ကြပြီး အောင်မြင် ဖို့မျှော်လင့်တယ်လို့ မစ္စတာရော့စ်က ပြောပါတယ်။

အစိုးရကဏ္ဍက စီးပွားရေးတိုးတက်အောင်နဲ့ ဆန်းဆစ်လာအောင်လုပ်ဖို့ လိုအပ်တဲ့အခြေအနေတွေကိုပဲဖန်တီးပေးနိုင်တာဖြစ်လို့ ပုဂ္ဂလိကကဏ္ဍမှာ အခြေအနေ တိုးတက် ကောင်းမွန်အောင်လုပ်ဆောင်ဖို့ အရေးပါနေတယ်လို့လည်း ၀န်ကြီးကပြောပါတယ်။ တရုတ်နဲ့ အမေရိကန် စီးပွားရေးခေါင်းဆောင်တွေဟာ စိုက်ပျိုးရေး၊ စွမ်းအင်၊ ထုတ်လုပ်ရေးနဲ့ ဘဏ္ဍာရေးကဏ္ဍတွေကို တစ်ရက်ကြာထိပ်သီးဆွေးနွေးပွဲအတွင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ တရုတ်နဲ့ အမေရိကန်တို့ဟာ အတိတ်ကာလတုန်းကထက် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးပိုပြီးတိုးတက်လာတယ်လို့ အလီဘာဘာ ဥက္ကဋ္ဌ““ဂျက်မာ””ကပြောပါတယ်။ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာသူတွေဟာ ဒုတိယအကြိမ်မြောက် တရုတ်-အမေရိကန် စီးပွားရေးခေါင်းဆောင်များထိပ်သီးဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်မှာ တရုတ်နိုင်ငံမှာ ကျင်းပသွားဖို့ သဘောတူညီခဲ့ကြပါတယ်။

 

 

Related News